34 C
Yangon

စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ စစ်တပ်၏ ၁၈ မိုင်ကုန်းစခန်းကို PDF တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

Must read

စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ စစ်တပ်၏ ၁၈ မိုင်ကုန်းစခန်းကို PDF တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၅

မကွေးတိုင်း၊ စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ၁၈ မိုင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းက ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့တွင် စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ၁၈ မိုင်ကုန်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိကာ MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၂ လက်၊ M-79 ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်းမှ စစ်ကြောင်းမှူး ဦးဆောင်၍ ပခုက္ကူခရိုင် အမှတ် (၆) ၊ (၇) ၊ (၁၄) ၊ (၁၅) ၊ (၁၇)တပ်ရင်းများ၊ မြိုင်ပကဖ နှင့် မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းတို့က ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article