34 C
Yangon

ရေစကြိုမြို့ ခလရ ၂၅၈ မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ရေစကြိုမြို့ ခလရ ၂၅၈ မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၁၅ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းမှ အင်အား ၁၅၀ ခန့်ဖြင့် ထွက် လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကံသစ်ကျေးရွာအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၄ ဦး သေဆုံးကာ သေဆုံးသွားသော စစ်သားများ ကိုင်ဆောင်သည့် လက်နက်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း အင်အားမမျှတသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“မနက် ၇ လောက်မှာ ၂၅၈ တပ်ထဲကနေထွက်လာတာ။ တိုက်ပွဲဖြစ်တာက မနက် ၁၀ နာရီပေါ့၊ နာရီ ဝက်လောက်တော့ ကြာခဲ့တယ်။ မီတာ ၁၀၀ လောက်အကွာအဝေးပဲ ဖြစ်ခဲ့တာ။ အင်အားက များလို့ ပြန်ဆုတ်လာခဲ့ရတာ၊ကျနော်တို့နဲ့ တိုက်ပွဲဖြစ် ပြီးတော့ မနေ့ နောက်ထပ်တစ်ကြောင်း ၁၀၀ လောက် ပြန်ထွက်လာတာ။ မနေ့ညကတော့ ပြန်ဆုတ် သွားပြီ။ ပြည်သူတွေကတော့ ရှောင်နေရတာ။ လေ ယာဉ်ကတော့ တနေကုန်ဝဲနေတာပဲ။ ဟိုနေ့ကလည်း ရေလယ်ကျွန်းဗုံးကျဲသွားသေးတယ်။ သူတို့ အပစ်အခတ်ရပ်စဲတယ်ဘာညာပြောနေတာတွေကို ကျနော်တို့ကတော့ အယုံအကြည်မရှိပါဘူး” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ယမန်နေ့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းကလည်း ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၈ တပ်ရင်း မှ အင်အား ၁၀၀ ခန့်ဖြင့် ကံသစ်ကျေးရွာဘက်သို့ ထပ်မံထွက်ခွာပြီး ညပိုင်းတွင် ပြန်လည်ဆုတ်ခွာ သွားကြောင်း၊ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကြောင့် ဒေသနေပြည်များမှာ တိမ်းရှောင်နေကြရ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ နှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article