ဒီကနေ့ ဧပြီ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်က လမ်းလျှောက်သင်္ကြန် သွားရောက်လည်ပတ်တဲ့ လူငယ်တွေထဲက မောင်ဖြိုးကိုဇင်အပါအဝင် လူငယ် ၃ ဦးဟာ ရန်ဖြစ်ပြီး အပြန် ရင်ပြင်ထိပ်မှာပဲ အဲ့ဒီ့လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က စစ်မှုထမ်းရမယ်ပြောပြီး ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးရဲ့ မိတ်ဆွေကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုလာပါတယ်။
- ဒီကနေ့ မြန်မာနှစ်သစ်ကူး သင်္ကြန်အတက်နေ့မှာပဲ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ကျုံဒိုးမြို့ ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး မနေ့က လက်နက်ကြီးပစ်ခတ်မှုမှာလည်း စစ်ဘေးရှောင် ကားတစ်စီးပေါ်ကို ကျရောက်ပေါက်ကွဲသွားတဲ့အတွက် ပြည်သူ ၁၀ ဦးဝန်းကျင် သေဆုံးထားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၅ ခုကို ၂ လအတွင်းမှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
