27 C
Yangon

နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးနှင့် နေအိမ်များကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

Must read

နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးနှင့် နေအိမ်များကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးနှင့် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်း မှ စတင်ကာ လက်ရှိ ညနေပိုင်း အထိ အကြမ်းဖက် စစ်တပ်က ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသအတွင်းရှိ ကျေးရွာများကို Y-12 ၊ ဂျက်ဖိုက်တာ များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးမှုရှိပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မနက်က ၈နာရီ မှာ ကမ်းနီ၊ သရက်တော နဲ့ ၉ နာရီ လောက်မှာ မဂလုံ ၊ ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီကျော်ထိက သုံးဆက်သုံးဆူ၊ ကျိုက်သလိုက်၊ ဒေါက်ပလန် ၊ ဝင်းက ရွာဘက် တွေ ကို တစ်ခေါက်ပြီးတစ်ခေါက် Y12 နဲ့ ဗုံးကျဲလိုက် ဂျက်ဖိုက်တာနဲ့ ပစ်ချလိုက်နဲ့ ဆက်တိုက်ကို ကျဲနေတာ တိုက်ပွဲလည်းမဖြစ်ဘူး။ အခါကြီး ‌‌နှစ်ဆန်းတစ်ရက် ကလေးတွေရေ ဆော့ကြ လူကြီးတွေ ဘုန်းကြီးကျောင်းတက်ကြ တာကနေ အကုန်လွတ်ရာပြေးနေကြရတယ်” ဟု ကမ်းနီ ကျေးရွာမှ ဖားအံသံလှယ်ရွာဘက်ကို စစ်ဘေးရှောင်လာသည့် ရွာသား တစ်ဦးက ပြောဆိုသည်။

ယင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်သလိုက်ရွာ စာသင်ကျာင်းဆောင်ပျက်စီးပြီး သုံးဆက်သုံးဆူရွာ နှင့်မိဂလုံရွာဘက်မှ နေအိမ် ခြံဝင်းများ ပျက်စီးခဲ့ကြောင်း ကနဦး သိရှိရပြီး အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်အထိ ကော့ကရိတ်၊ ကျုံဒိုး တောင်ကြာအင်းလမ်းပိုင်း တစ်လျှောက်ကို KNLA မဟာမိတ် ပူးပေါင်းတပ်များ နေရာယူထားပြီး ကျုံဒိုး ခမရ ၅၄၅/၅၄၆ တပ်ရင်း အနီး စစ်ရေးဆက်လက် တင်းမာနေကာ ဘားအံဘက်ခြမ်း ဂျိုင်း/ကော့ကရိတ် (ဂျပန်) တံတားကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကူ အင်အား ၂၀၀ ခန့်ဖြင့် အခိုင်အမာ နေရာယူထားပြီး ဒေသတွင်း ဖြတ်သန်းသွားလာခွင့်ကို တံတားပိတ်ချကာ ခံစစ်ပြင်ဆင်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article