26 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နေပြည်တော်မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ ဝန်ကြီးဌာနရုံးတွေ နဲ့ ဝန်ထမ်းအိမ်ရာတွေ ပြိုကျပျက်စီးမှုအတွက် အရင်က တည်ဆောက်ခဲ့တဲ့ ခရုနီကုမ္ပဏီတွေက ပြန်ဆောက်ပေးရမယ်ဆိုပြီး စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာပါ အတိအလင်း ကြေညာလိုက်ပြီဖြစ်တဲ့အတွက် နေပြည်တော် လွှတ်တော်ကို တည်ဆောက်ခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်း နဲ့ ဗိုလ်ချုပ်ဟောင်းသားသမီး တချို့ဟာ စစ်ကောင်စီကို မဆက်သွယ်တော့ဘဲ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်း တောင်ငူမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ငလျင်ဒဏ်သင့် ထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ နေပြည်တော်စစ်ရုံးက အကြီးအကဲတွေပါ လာရောက်ရုံးထိုင်နေတဲ့ အချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား မသာအလောင်း ၅ လောင်း နဲ့ အတူ စစ်သုံ့ပန်း ၂ ဦးကိုပါ လက်နက်နဲ့တကွ အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article