ဒီကနေ့ မေ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ ပြည်သူတွေရဲ့ နေအိမ် ၆၀၀ ကို ဖျက်သိမ်းခိုင်းပြီး လှိုင်ရတနာမြို့ကွက်သစ် စီမံကိန်းကို စစ်ကောင်စီက အကောင်အထည်ဖော်နေကာ အဲဒီစီမံကိန်းမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းနဲ့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့ ရှယ်ယာတွေ ရရှိထားတယ်လို့ မော်လမြိုင် အခြေစိုက် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။
- ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း အင်အား ၇၀ ကျော်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးပြီး စစ်သားအလောင်းတွေကို PDF တပ်ဖွဲ့တွေက သဂြိုလ်ပေးနေရတယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာတစ်ခုလုံးကို စစ်တပ်က မီးရှို့ပြီး PDF က မီးရှို့လို့ စစ်တပ်က မီးငြိမ်းပါတယ်ဆိုပြီး ဓာတ်ပုံရိုက် ဝါဒဖြန့်ခဲ့ရတယ်လို့ အလင်းဝင် စစ်မှုထမ်းတပ်သား တွေက ဝန်ခံပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
