32 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က သူနဲ့သူမိသားစု ပြည်ပခရီးစဉ်တွေအတွက် အသုံးပြုနေတဲ့ စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူလိုက်တယ်ဆိုပြီး စစ်ကောင်စီကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အမိန့်ပြန်တမ်းအရ သိရပါတယ်။
  • ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး ၊ အကြမ်းဖက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန် ဗုံကျဲတိုက်ခိုက် ခုခံနေသလို မြို့ကို သူတို့လက်လွှတ်ရရင် အကုန်လုံး ဖျက်ဆီးပစ်မယ်ဆိုတဲ့ ပုံစံနဲ့ မီးလောင်ဗုံးတွေပါ ကျဲချနေတဲ့အတွက် တစ်မြို့လုံးနီးပါး မီးလောင်မှုတွေဖြစ် နေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်းက စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲပြီး ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ နဲ့ စစ်ကိုင်း ကံတလူ တိုးဂိတ်က စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စုစုပေါင်း ၁၀ ဦးဝန်းကျင်ကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် ဒဏ်ရာရတဲ့သူတွေနဲ့ သူတို့စစ်သား အလောင်းတွေကို ကားတွေနဲ့ သယ်သွားကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article