ဒီကနေ့ မေ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရုရှားနိုင်ငံမှာ ရင်ပြင်နီအခမ်းအနားကို တက်ရောက်မယ့် မည်သည့်နိုင်ငံရဲ့ ခေါင်းဆောင်မဆို သူတို့ရဲ့ လုံခြုံရေး ကို ယူကရိန်းသမ္မတက တာဝန်မယူဘူးလို့ ပြောလိုက်တဲ့စကားကောင့် နေပြည်တော်က စစ်ဗိုလ်ချုပ် တွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပေမယ့် အကြမ်းဖက် မင်းအောင်လှိုင်ကတော့ အဲ့ဒီ့ ရုရှားနိုင်ငံက အခမ်းအနားကို သွားရောက်ဖို့ ဆုံးဖြတ်ထားဆဲဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ်၊ ဘားအံမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ရင်းတပ်ဖွဲ့တွေ ၊ ရဲစခန်းတွေ နဲ့ ရုံးဌာနတွေမှာ ဘန်ကာတွေ ၊ ကတုတ်ကျင်းတွေနဲ့ မြို့ပတ်ပတ်လည်မှာ ခံစစ်တွေပြင်ထားကြပြန်တယ်လို့ ဘားအံ ဒေသခံ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လက်ရှိ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေတဲ့ တရုတ်အစိုးရ ဆန့်ကျင်ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
