27.1 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ သဘာ၀ဘေးအန္တရာယ်ကြုံလာပါက ပြည်သူတွေကို အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝယ်ယူပေးခဲ့တဲ့ နိုင်ငံပိုင် ရဟတ်ယာဉ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လွဲယူထားပြီး သူတို့ စစ်တပ်အတွက်သာ အသုံးပြုနေတယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်း မြစ်က ပြောထားပါတယ်။
  • မကွေးတိုင်းက မြိုင်မြို့ကို ဦးတည်ပြီး ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား မသာအလောင်း ၈ လောင်းနဲ့အတူ လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ မြိုင် ပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်းက ဝက်လက် နဲ့ ရွှေဘိုမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေယာဉ်နဲ့လာပြီး ဗုံးကျဲသွားမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးထားပြန်သလို နေအိမ်တချို့လည်း ပျက်ဆီးထားပြန်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article