ရန်ကုန်၊ မေ ၂၉
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား၇၀ကျော်ပါ စစ်ကောင်စီ စစ်ကြောင်း KNALပူးပေါင်းတပ်တွေတွေရဲ့ ချေမှုန်းမှုကြောင့် ထိုင်းဘက်ထွက်ပြေးသွားတဲ့ စစ်တပ် ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၂၂ ဦးကို ထိုင်းစစ်တပ်က ဖမ်းမိထား တယ်လို့ KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုပါတယ်။
အဲဒီထိုင်း ဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းမှ ဒုတပ်ရင်းမှူးအပါအဝင် ၂၂ ဦးကို ထိုင်းစစ် တပ်ကဖမ်းမိ ထားတာဖြစ်တယ်လို့ KNLA စစ်ရေး သတင်းရင်းမြစ်ကပြောပါတယ်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်တပ်စခန်းကို KNAL ပူးပေါင်းတပ်တွေက အပြင်းအထန်းထိုး စစ်ဆင်နေတာကြောင့် မေလ ၂၇ ရက်နေ့မှစတင်ပြီး စစ်ကူပေးဖို့ အင်အား ၇၀ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းကို DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီး ရောက်ရှိနေစဉ် KNLA မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတော့ အဲဒီစစ်တပ်စစ်ကြောင်းဟာ စစ်ကြောင်း တစ်ခုလုံး ပြုတ်သွားပြီး အများအပြား သေဆုံးသွားသလို စစ်သားတွေကို အရှင်ဖမ်းဆီးရရှိ ထားကာ တချို့ကတော့ ထိုင်းဘက်ထွက်ပြေးသွားခဲ့ကြတာပါ။
ထိုင်းစစ်တပ်က ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်ထံ ပြန်လွှဲပေးမှာလား၊ မြန်မာဘက်ကို ပြန်နှင်လွှတ်မလားဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ KNLA သတင်းရင်းမြစ်က ဆိုပါတယ်။
လက်ရှိ သေ့ဘောဘိုးရွာထိပ်ရှိ အကြမ်းဖက်စစ် ကောင်စီသေ့ဘောဘိုးစခန်း နေရာနှင့်ကာကင်း စခန်းနေရာကို KNLA မဟာမိတ်တပ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး အထိနာသွားတဲ့စစ်ကောင်စီက DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဆုံဆည်းမြိုင် ရွာက အမျိုးသမီး တစ်ဦးသေဆုံးသွားပြီး ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ယမန်နေ့ KNU က ဖမ်းဆီးရရှိထားသည့် စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
