26 C
Yangon

ဖလမ်းမြို့နယ် လုံဟောကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ လုံဟော (Lunghawh) ကျေးရွာကို ယမန်နေ့ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးသွားကြောင်း ချင်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံဟောကျေးရွာကို ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ အခြားပြည်သူ ၄ ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဖလမ်းကို စစ်ကြောင်းလည်းထိုးတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်းလုပ်နေတယ်။ ဗုံးကျဲတဲ့ရွာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အဝေးကြီးပါ။ စစ်ကြောင်းတွေက တက်လာနေတုန်းပဲ” ဟု ချင်းဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိစစ်ရေးအခြေအနေများအရ မတ်လ ၂၀ ရက်နေ့နောက်ပိုင်းတွင် စစ်တပ်က စစ်ရေးအရှိန်ကို ယခုထက် ပိုမိုမြှင့်တင်ကာ အပြင်းအထန် ဖိအားပေးတိုက်ခိုက်လာနိုင်ခြေရှိသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက သုံးသပ်ခန့်မှန်းနေကြပြီး ပြည်သူများအနေဖြင့်လည်း ဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြရန် တိုက်တွန်းထားကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article