ဒီကနေ့ ဇွန် ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံတစ်ဝန်း စခန်းသိမ်း၊ မြို့သိမ်းနဲ့ ထင်သာမြင်သာရှိတဲ့စစ်ပွဲတွေကို အောင်နိုင်တဲ့အထိ တိုက်ခိုက် နိုင်တဲ့ အရာရှိနဲ့ စစ်သည်တွေကို အသက်အရွယ်နဲ့ အရည်အချင်းကန့်သတ်ချက်မထားဘဲ ရာထူးတိုးပေး မယ်လို့ မင်းအောင်လှိုင်က မက်လုံးပေး ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လာတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
- စစ်အာဏာရှင်တော်လှန်ရေးမှာ မကြာခင်ဖြစ်ပေါ်လာတော့မယ့် အထွေထွေထိုးစစ်ကြီးအောင်မြင်စေရေး အတွက် ပြည်သူတိုင်း အာရုံစိုက်ပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်လိုက်ပါတယ်။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က မြေနိမ့်ပိုင်းရပ်ကွက်အချို့မှာ မြစ်ရေကြီးနေတာကြောင့် ပြည်သူတွေ ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
