ဒီကနေ့ ဇွန် ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့အရေး အရေးယူဖြေရှင်းဆောင်ရွက်ဖို့ ထပ်မံကျရှုံးခဲ့တဲ့ အာဆီယံအဖွဲ့ကို အကြမ်းဖက် စစ်ကောင်စီက လှောင်ပြောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ဝေဖန်လိုက်ပါတယ်။
- မကွေးအကျဉ်းထောင်ရဲ့မျက်နှာချင်းဆိုင်ရဲတပ်ရင်းကို PDF တွေ တိုက်ခိုက်မှု အပြီး ထောင်ပိုင်နဲ့ အကျဉ်းဦးစီးဌာနဝန်ထမ်း ၂၆ ဦးကို စစ်ကောင်စီတပ်က သူ့လူအချင်းချင်း ပြန်လည်ဖမ်းဆီးထားတယ်လို့ အကျဉ်းထောင်သတင်းရင်းမြစ်က ပြောပါတယ်။
- မကွေးတိုင်းက ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာကို ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးကား ၂ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း ပျူစောထီးခေါင်းဆောင် ကျော်စိုးနိုင် အပါအဝင် ၄ ဦးကတော့ ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် သူတို့ဆီကနေ သေနတ် ၂ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
