ဒီကနေ့ ဇွန် ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ခေါင်းဆောင်တွေကို ဆဲဆိုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ထောက်လှမ်းရေးတွေက စစ်ကြောရေးစခန်းပို့ပြီး စစ်ကြောနေတယ်လို့ ပြင်ဦးလွင်အခြေစိုက် ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ် ဗန်းမော်မြို့မှာ KIA – PDF ပူးပေါင်းတပ်တွေကနေ စစ်ရဟတ်ယာဉ် ၂ စီးကို FPV ဒရုန်းတွေနဲ့ ဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီဘက်က FPV ဒရုန်း အန္တရာယ်ရှိနေလို့ဆိုပြီး သူတို့ရဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို လေယာဉ်ဂိုဒေါင်တွေမှာ လုံခြုံအောင် သိမ်းဆည်းထားဖို့ အပြင် Jammer နဲ့ ဒရုန်း Guard တွေကိုပါ စဉ်ဆက်မပြတ် စစ်ဆေးဖို့ ညွန်ကြားထားပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ပေါက်မြို့နယ်က ကုက္ကိုစုပျူစောထီး ကျေးရွာမှာ သရက်သီး ထွက်ကောက်တဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ ပျူစောထီး ၃ ဦးဟာ သရက်သီးကောက်ရင်း ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် သူတို့ဆီကနေ သေနတ် ၁ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
