ဒီကနေ့ ဇွန် ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ညီလာခံက ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
- မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် အားပေးမှုအတွက် တောင်ကိုရီးယားရွေးကောက်ခံသမ္မတ အီဂျဲမြောင်ကို ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက ကျေးဇူးတင်ဂုဏ်ပြုတဲ့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့သလို ၂ ဦးဖမ်းမိပြီး စစ်မှုထမ်း တပ်သားသစ် ၈ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
