26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်မြို့မှာ အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ချိုထွန်းအောင် သေဆုံးမှုမှာ လုပ်ကြံသူများဆိုပြီး အကြမ်းဖက် စစ်ကောင်စီတပ်က အသက် ၆ နှစ်အရွယ်ကလေး အပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးရရှိထား တဲ့အကြောင်း ထုတ်ပြန်လာသလို ၊ စစ်ဆင်ရေးမစ်ရှင် ဆောင်ရွက်ခဲ့တဲ့ GVW တပ်ဖွဲ့ကတော့ ဒါဟာ စစ်တပ်ကလိမ်လည်ထုတ်ပြန်တာဖြစ်ပြီး ရဲဘော်တွေအနေနဲ့ လုံခြုံတဲ့နေရာမှာ ရှိနေပါတယ် လို့လည်း ပြောထားပါတယ်။
  • အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ ILO Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ပြီးတဲ့နောက် စစ်တပ်ဝင်ငွေရလမ်းဖြစ်တဲ့ ရေနံသဘာ၀ဓာတ်ငွေ့၊ လေယာဉ်ဆီ နဲ့ ဘဏ္ဍာရေးငွေကြေးကဏ္ဍကို အဓိက ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ် ရဲ့ အထွေထွေအတွင်း ရေးမှူး ဦးဝေမှူးသွင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ထဲက အကြမ်းဖက် စစ်ကောင်စီတပ်စခန်း နဲ့ စစ်ကူ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article