31 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီက တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်တင်မောင်ကျော်နဲ့ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်တို့ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်တယ်လို့ စစ်ဘက်သတင်းရင်း မြစ်တွေကို ကိုးကားကာ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပစ်ချခံရလို့ တိုက်လေယာဉ် ပျက်ကျတာကို စက်ချို့ယွင်းပြီးပျက်တယ်လို့ စစ်ကောင်စီက လိမ်လည်သတင်းထုတ်ပြန်တဲ့အချိန်မှာပဲ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပျက်ကျတိုက်လေယာဉ်ရဲ့ ဓာတ်ပုံတွေကို ဝေဝေဆာဆာထပ်မံထုတ်ပြလိုက်ပါတယ်။
  • မတရား အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပြည်သူအများက ဆုတောင်းမေတ္တာ ပို့သခြင်း နဲ့ Happy Birthday SUU Video Challenge မှာ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD က ပြည်သူတွေကို မေတ္တာရပ်ခံတိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article