ဒီကနေ့ ဇွန် ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က ငလျင်ဒဏ်သင့် စစ်ကိုင်း နဲ့ မန္တလေးမြို့ကို လာရောက်ခဲ့ပေမယ့် ငလျင် ဒဏ်သင့် ပြည်သူတွေအတွက် မည်သည့်အကူအညီမှ မပေးဘဲ ငွေကုန်ပေါက်တွေကိုသာ ဖန်တီးသွားခဲ့တယ်လို့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်၊ စစ်တွေမြို့နယ် ကံ့ကော်ကျွန်း ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကေင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေ ဒဏ်ရတဲ့ သူတွေတော်တော်ကို များထားပြီး စစ်သားအလောင်းတွေဆီကနေ အပုပ်နံ့တွေပါ ထွက်နေတယ်လို့ စစ်တွေသတင်းရင်းမြစ်က ပြောပါတယ်။
- ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်က လုံးခင်းကျေးရွာအုပ်စုအတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို KIA-PDF ပူးပေါင်းတပ်တွေက ၂ ရက်ဆက်တိုက် တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား အယောက် ၂၀ ထက်မနည်းကတော့ သေထားသတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
