ဒီကနေ့ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက အကျဉ်းချထားချိန် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးရဲ့ ဒဏ်ကြောင့် ဘယ်ဘက်လက်မောင်း ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ Suu Foundation ကသတင်းထုတ်ပြန်ထားပါတယ်။
- ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ပေါ်မှာ ဒီကနေ မနက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ဗီနိုင်းကပ်ထားတယ်လို့ မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း မင်းလှမြို့နယ် တိုက်ပွဲတွေမှာ ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်း၊ ဗိုလ်မှူးဖြိုးမင်းဦးနှင့် ဒုရဲမှူးကြီး စိုးခိုင်တို့ သေဆုံးပြီးနောက် စစ်တပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး သံချပ်ကာကားတွေကိုပါ အသုံးပြုလာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
