ဒီကနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းက စစ်မှုထမ်းတိမ်းရှောင်တဲ့လူငယ်တွေကို စစ်ပြေးအဖြစ် စာရင်းသွင်းပြီး စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် NSIMS နဲ့ PSMS Application စနစ်တွေနဲ့ ဖမ်းဆီးအရေးယူဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
- စစ်ကောင်စီရဲ့ အမာခံခရိုနီကုမ္ပဏီလည်းဖြစ်တဲ့ Sky Net ရွှေသံလွင်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ မီဒီယာ လုပ်ငန်းကနေ ဂျပန်ကုမ္ပဏီတွေ နှုတ်ထွက်သွားပြီလို့ Justice For Myanmar (JFM) အဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။
- ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အုတ်ကျင်းစစ်ကြောရေးမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ ရွှေပြည်သာမြို့နယ်က လူငယ် ၁ ဦး နှစ်ထပ်အဆောင်တိုက်ပေါ်ကနေ ခုန်ချ သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
