31.3 C
Yangon

ငါန်းဇွန်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ငါန်းဇွန်မြို့နယ် ဆီးမီးခုံဆိပ်ကမ်းမှ ငါန်းမြှာကြီးရဲကင်းစခန်းသို့ ရဲ ၊ စစ်သားနှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ခန့် ဖြည့်တင်းပြီး မိုးထောင်ရွာဘက်မှ ကုန်းလည်ရွာဘက်ကို စစ်ကြောင်းထိုးလာကြောင်း၊ အဆို ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကာ စစ်တပ်စစ်ကြောင်းက ရဲကင်းစခန်းသို့ ပြန် လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်တပ်က ငါန်းမြှာကြီးရဲကင်းစခန်းမှ ပေါက်တောရွာသို့ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ ထို့နောက် တော်လှန် ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကာ ပေါက်တောရွာသို့ ပြန်လည် ဝင်ရောက်သွားကြောင်း၊ ယင်းစစ်ကြောင်းက ဇူလိုင်လ ၁၂ ရက်နေ့ ပေါက်တောရွာမှ နတ်ကြီးရွာဘက်သို့ ထပ်မံ တက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို ထိတွေ့ တိုက်ပွဲ ၃ ကြိမ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံး ကာ ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၈ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်တပ်က ကုန်းလည်ရွာမှ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့ အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး နတ်ကြီးရွာအတွင်းသို့ ဗုံး ၆ လုံးကျဲခြင်း၊ စက်လက်များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်သွားခဲ့ကြောင်း သိရှိရသည်။

“တော်လှန်ရေးအောင်မြင်ဖို့အတွက် တာ၀န်ကျရာနယ်မြေတိုင်းမှာ အစွမ်းကုန်ကြိုးစားနေကြပါတယ်လို့ ပြည်သူတွေအားမလျှော့စိတ်မပျက်ကြပါနဲ့ လို့ပြောချင်ပါတယ်။ ပြည်သူများအနေဖြင့် မိမိသား သမီးများကို စစ်ကောင်စီရဲ့ လက် ကိုင် တုတ်များမဖြစ်နေဖို့ အထူးဂရုစိုက်စောင့်ရှောက်ကြပါလို့ အကြံပြုချင်ပါတယ်။ တော်လှန်ရေးတပ်ရင်း ပကဖ Local များကလည်း တော်လှန်ရေးအမြန်အောင်မြင်ဖို့နဲ့ ပြည်သူများရဲ့မျက်နှာများကို ကြည့်ပြီး တော်လှန်ရေးအဖွဲ့အစည်း များ ပေါင်းစပ်ညှိနှိုင်းတိုင်ပင်ကာ စည်းစည်းလုံးလုံးနဲ့ စစ်ကောင်စီတပ်များရှိတဲ့နယ်မြေတိုင်းကို ဝိုင်း၀န်း တိုက်ခိုက် ထိမ်းသိမ်းကြဖို့ လည်း တိုက်တွန်းချင် ပါတယ်” ဟု မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း ၊ အမရပူရမြို့နယ် ပ.က.ဖ ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ CDMSOM မြောင် ဗိုလ်စင်္ကြာစစ်ကြောင်း ၊ မြင်းခြံမြောက်ပိုင်းသားပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း ၊ TGYR ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း ၊ ငါန်းဇွန်မြို့နယ် ပ.က.ဖ ၊ ငါန်းဇွန်မြို့နယ် ပ.လ.ဖ ၊ သစ္စာလနကြီးတပ်ဖွဲ့၊ နယ်မြေခံတော်လှန်ရေးအင်အားစုများ နှင့် MN_PDF_Myitnge တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article