30.4 C
Yangon

ဆားလင်းကြီးမြို့တွင် ၈၈၈၈ ရှစ်လေးလုံး အထိမ်းအမှတ် umbrella Strike ပြုလုပ်

Must read

ရန်ကုန်၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ဝင်ဆိုင်းဘုတ်နေရာတွင် ၅/ဆလကလူထုသပိတ် စစ်​ကြောင်းဖော်ဆောင်ရေးကွန်ရက်နှင့် အာဏာရှင်တော်လှန်ရေး PDF တပ်ဖွဲ့တို့ပူးပေါင်းပြီး umbrella Strike ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံးလူထုအရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထီးကမ်ပိန်းနှင့် “မပြီးဆုံးသေးသည့် ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့” စသည်တို့ ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article