ဒီကနေ့ ဩဂုတ် ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ကနေ ထွက်ပြေးပြီး တော်လှန်ရေးတပ်တွေဆီမှာ ခိုလှုံသွားသူတွေနဲ့ တပ်ပြေးစာရင်းတွေကို အမှန်အတိုင်း အထက်ကို မတင်ပြမှုတွေ ၊ လစာ နဲ့ ခံစားခွင့်တွေ လိမ်လည်ထုတ်ယူနေ တာတွေကို စိစစ်ဖော်ထုတ် အရေးယူဖို့ နေပြည်တော်စစ်ရုံးက ညွှန်ကြားချက် ထုတ်ထားပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း ၊ ကလေးမြို့က ချင်းတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦနဲ့ စစ်မှုထမ်း တပ်သား ၁၈ ဦးဟာ တော်လှန်ရေးတပ်တွေဆီမှာ အစုလိုက်အပြုံလိုက် အလင်းဝင်ရောက်လာကြတယ်လို့ Ranger Kalay Defend Force ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့က မြောက်ဒဂုံမြို့နယ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သာသစ်အဖြစ် ခမရ ၅၇၇ တပ်ရင်းကို ပို့ခံရတဲ့ တပ်သားသစ် တင်ဝင်း ဆိုသူဟာ တော်လှန်ရေးတပ်တွေဆီကို လက်နက်နဲ့အတူ ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာတယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်းက နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ကား ၁ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခြေမှုန်းရာမှာ ကားပါ ပက်လက်လှန် မှောက်သွားပြီး ပါလာတဲ့စစ်သား ၃ ဦးလည်း ပွဲချင်းသေသွားတဲ့ သတင်းအပါအဝင် နေ့လည်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
