ရန်ကုန်၊ ဩဂုတ် ၇
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ပုခက်ထဲတွင် အိပ်ပျော်နေသည့် ၁ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၅ ရက်နေ့ ည ၁၀ နာရီခန့်အချိန် တနင်္သာရီမြို့နယ် အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လယ်တောင်သာရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ပုခက်ထဲ အိပ်နေသည့် အသက် ၁ နှစ်အရွယ် ကလေးငယ်ကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
” ဩဂုတ် ၅ ရက်နေ့ ည ၁၀ နာရီလောက်က လယ်တောင်ယာရွာကို စစ်ခွေးတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ပုခက်ထဲအိပ်နေတဲ့ ၁ နှစ် အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ရွာထဲ လက်နက်ကြီး ၃ ခါ ကျတာ နောက်ဆုံး ပစ်ခတ်တဲ့ လက်နက်ကြီးကျည်စ မှန်ပြီး ကလေးလေး သေဆုံးသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်း ပစ်ခတ်နေသောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးနှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar