28 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီဘက်က ယာယီသမ္မတ မြင့်ဆွေဆိုသူဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့မှ တကယ်သေသွားပြီလို့ သူတို့စစ်တပ်ကိုယ်တိုင် အတိအလင်း သတင်းထုတ်ပြန်လာပါတယ်။ မနေ့ကတော့ မြင့်ဆွေဟာ မသေသေးပဲ ဒီနေ့မှ တကယ်သေသွားပြီလို့ စစ်ကောင်စီက ဆိုပါတယ်။
  • ဧရာဝတီတိုင်းက အင်္ဂပူမြို့နယ်မှာ ပြည်သူတွေကို စစ်တပ်ခေါ်ပြီး နည်းမျိုးစုံ နှိပ်စက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဒေါက်တိုင် အောင်အောင် ဆိုသူ ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားပြီလို့ R-14 UG အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ် လိုက်လံ ပိတ်ဆို့တိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ တော်တော်ကို များထားပြီး စစ်တပ်က အထိနာနေ တယ်လို့ မန္တလေးခရိုင် PDF အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ထိုင်းနိုင်ငံအတွင်းမှာ လစ်လပ်သွားတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေရဲ့ နေရာမှာ မြန်မာ အလုပ်သမား တွေကို ထိုင်းလုပ်ငန်းရှင်တွေဘက်က အစားထိုးခန့်အပ်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article