28 C
Yangon

မလှိုင်နှင့် တောင်သာ အစပ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲနေသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဩဂုတ် ၇

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁ နာရီ ၃၉ မိနစ်အချိန်မှ စတင်ပြီး နံနက် ၂ နာရီအချိန်ထိ တောင်သာနှင့် မလှိုင် မြို့နယ် အစပ်ရှိ ကျေးရွာများကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးက ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာနေ ပြည်သူများသည် လက်ရှိချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့က နံနက် အစောပိုင်းတည်းက စစ်ခွေး စက်တပ်လေထီး ၁ စီးက မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ် အစပ်က ရွာတွေကို ဆက်တိုက် လေကြောင်း ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေက ညတွင်းချင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ ထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေကတော့ လေကြောင်း တိုက်ခိုက်တာတွေ ထပ်လုပ်မှာကြောက်လို့ တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးမှုများရှိနေပြီး စစ် ကြောင်း များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ် ဝင်ရောက်စီးနင်းများကိုလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – အညာဒေသမှ စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေးနေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသမှ စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေးနေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article