ရန်ကုန်၊ ဩဂုတ် ၇
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံ နှိပ်စက်နေသော စစ်တပ် ဒေါက်တိုင် အောင်အောင် ကို ပစ်ခတ် တိုက် ခိုက်ရာ သေဆုံးခဲ့ကြောင်း R-14 UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့တွင် ကျီးပင်ရွာ၌ နေထိုင်သော စစ်တပ် ဒေါက်တိုင် အောင် အောင်ကို တော်လှန်ရေး တပ်ဖွဲ့များက ရိုးမအစပ် တနေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာများဖြင့် ဟင်္သာတ ဆေးရုံတွင် ကုသမှု ခံယူနေစဉ် ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော စစ်တပ် ဒေါက်တိုင် အောင်အောင်သည် အကြမ်းဖက် စစ်တပ်ခေါ်၍ ပြည်သူများကို နှိပ်စက်ခြင်း၊အ ကြောင်း အမျိုးမျိုးပြ၍ ပြည်သူများထံမှ အတင်း အဓမ္မ ငွေကြေး ကောက်ခံခြင်း၊ ကျေးရွာသားများကို နှိပ်စက်ခိုင်းခြင်း၊ ရိုးမပေါ် တက်သူများကို PDF ထောက်ပို့ဟု စွပ်စွဲပြောဆို၍ ဖမ်းဆီးခိုင်းခြင်း၊ PDF တပ်စခန်းများကို လိုက်လံ စုံစမ်းခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
“ဩဂုတ်လ ၃ ရက်နေ့မှာ ကျနော်တို့နဲ့ ရိုးမ အစပ် တနေရာမှာ တည့်တည့်တိုးလို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဝမ်းဗိုက်ကနေ ကျောကို ကျည်ဖောက်ထွက်ပြီး အနီးကပ် ထပ်ပစ်ဖို့ လုပ်တဲ့ အချိန်မှာ ကျည်ညှပ်သွားလို့ ပြန်ဆုတ်ခဲ့ရတာ ဒဏ်ရာပြင်းထန်လို့ ဟင်္သာတဆေးရုံမှာ တက်ကုနေတုန်း ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းမှ သေဆုံးသွားတယ်လို့ သိရတယ်။ အဲကောင်က မျှစ်ဒိုင်ဖွင့်ပြီး မျှစ်ချိုးသမားတွေကို PDF စခန်းတွေကို လိုက်စုံစမ်းခိုင်းတယ်။ ရိုးမပေါ်က တော်လှန်ရေးတပ်တွေ လှုပ်ရှားမှု အခြေ အနေကို လိုက်စုံစမ်းပြီး စစ်တပ်ကို သတင်းပေးနေတာ” ဟု R-14 UG အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဓာတ်ပုံ – စစ်တပ်ဒေါက်တိုင် သတင်းပေး ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံထားရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
