29.7 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှစ်လေးလုံးအရေးတော်ပုံ နဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ လူထုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အခြေခံမူအပေါ်မှာ ခိုင်ခိုင်မာမာ တစ်သားတည်း ရပ်တည်တော်လှန်နေဆဲဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့အပါအဝင် မုံရွာ ဆားလင်းကြီး ကနီ စတဲ့ မြို့နယ်တွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကပါ ဒီကနေ့ ကျရောက်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်းက အုတ်ဖိုမြို့နယ်မှာ PDF ရဲဘော်တွေကို ပြည်သူတွေထင်ပြီး ပေါ်တာဆွဲ ဖမ်းဆီးဖို့ ကြိုးစားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က အရာခံ ဗိုလ်လှကျော် နဲ့ တပ်ကြပ်ကြီး ညီညီမိုး ဆိုသူတို့ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးစလုံး သေကုန်ကြပြီလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မွန်ပြည်နယ် ရေးမြို့နယ်က ကျောင်းရွာမှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ ဗဟိုကင်းကို တော်လှန်ရေးတပ်တွေနဲ့ မွန်တော်လှန်ရေးနေ့နဲ့ ၈၈၈၈ နေ့ အထိမ်းအမှတ်အဖြစ် ဒရုန်းနဲ့ ဗုံးတွေဆက် တိုက်ကျဲချတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article