ရန်ကုန်၊ ဩဂုတ် ၈
ယနေ့ ဩဂုတ် ၈ ရက်နေ့ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရှစ်လေးလုံး အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် နှင့် စစ်တပ်က ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ရှားမှု့ ပြုလုပ်ခဲ့ကြသည်။ ဖားကန့်ပြည်သူများက ခေတ်အဆက်ဆက် မပြီးဆုံးသေးသည့် စစ်အာဏာရှင် အမြစ်ဖြုတ် ချေမှုန်းရေး ခရီးကို ပြည်သူအားလုံး တစုတစည်းထည်း ပူးပေါင်းပါဝင်ပေးကြရန် ၊နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ တနိုင်ငံလုံးက ပြည်သူများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကိုယ်တတ်နိုင် သည့်နေရာမှပါဝင်ကြရန် ၊စစ်တပ်က ပြုလုပ်ရန်ကြံစည်နေသော တရားမဝင်ရွေး ကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန်လည်း စည်းရုံး လှုံ့ဆော်ကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




