28.3 C
Yangon

AA က တိုက်ခိုက်သိမ်းပိုက်ထားသော နယ်မြေများနှင့်မြို့များကို စစ်ကောင်စီထံပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါးပြီး ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ အချိန်ကြာမြင့်နေသော်လည်း တိုက်ပွဲများ ပြင်းထန်နေဆဲ

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

AA က တိုက်ခိုက်သိမ်းပိုက်ထားသော နယ်မြေများနှင့်မြို့များကို စစ်ကောင်စီထံသို့ ပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း အာရက္ခတပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တွင် AA က ပါဝင်သော်လည်း AA ၏ မူဝါဒသည် အခြားသော ညီနောင်မဟာမိတ် ၂ ဖွဲ့နှင့် မတူညီကြောင်း၊ ရှမ်းမြောက်တွင် စစ်တပ်ထံသို့ နယ်မြေတချို့ ပြန်ပေးလိုက်ရမှုများရှိသော်လည်း ရခိုင်ပြည်တွင် ထိုကဲ့သို့ ဖြစစ်ရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ၎င်းက ပြောဆိုသည်။

AA အနေဖြင့် မိမိ၏ စစ်ရေးရည်မှန်းချက်အတိုင်းပင် ဆက်လက် ချီတက်နေဆဲဖြစ်ပြီး အာရက္ခတပ်တော်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားကြောင်း၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့တို့သာ သိမ်းပိုက်ရန်ကျန် ရှိတော့ကြောင်း၊ သိမ်းပိုက်ရန်ကျန်ရှိနေသည့်မြို့နယ် ၃ ခုတွင်လည်း မြို့နယ်အတွင်းရှိနေရာအများစု ကို ထိန်းချုပ်ထားကာ စစ်ကောင်စီတပ်သားများမှာ မြို့ပေါ်၌ ကျန်ရှိတော့ကြောင်း သိရသည်။

“သိမ်းပိုက်ရန်ကျန်ရှိနေတဲ့ မြို့နယ် ၃ ခုမှာလည်း မြို့ထဲကလွဲ၍ ကျန်ဒေသအများစုမှာ ကျနော်တို့ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထ ထားတဲ့ မြို့ထဲက အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်အနိုင်ကျင့် သတ်ဖြတ်နေပါတယ်။ အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှပြောင်ပြောင် တင်းတင်းချိုးဖောက်ကျူးလွန်လျက်ရှိပါတယ်။” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောကြားသည်။

လတ်တလော ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်စခန်းနှင့် ရဲတပ်ရင်း ၃၂ အနီးတို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရာရှိများအပါအဝင် စစ်သုံ့ပန်းအမြောက်အများဖမ်းဆီးရရှိထား ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။

“ကျောက်ဖြူတိုက်ပွဲစဖြစ်တာကို အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာ ဖြစ် ပါတယ်။ ကျောက်ဖြူမှာ အကြမ်း ဖက်စစ်ကောင်စီက ထိုးစစ်ဆင်ပြီးနောက်ပိုင်း အင်အား အလွန် အကျွံအသုံးပြုပြီးတော့ ကျနော်တို့တပ် ဖွဲ့တွေရှိတဲ့နေရာကို တောက်လျှောက်ထိုးလာလို့ ကျနော်တို့ ဘက်က တန်ပြန်ခုခံချေမှုန်းရတဲ့ အနေအထားဖြစ်ပါတယ်။ ကျောက်ဖြူမြို့တဝိုက်၊ အထူးသဖြင့် ရဲတပ်ရင်း ၃၂ ၊ ဓညဝတီရေတပ်စခန်းဌာနချုပ် ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ် ပွားနေပါတယ်။” ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။

ကျောက်ဖြူမြို့နယ်တိုက်ပွဲအပါအဝင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် စစ်သုံ့ပန်းအမြောက်အများဖမ်းဆီးရရှိမှုရှိ ထားကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်က ထွက်ပြေးလာပြီး လက်နက်ချသူများ၊ အလင်းဝင်သူများ လည်းရှိလည်းကြောင်း သိရသည်။

“တိုက်ပွဲပြင်းထန်နေတဲ့ နေရာတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ထွက်ပြေးလာတဲ့ စစ်သား တွေ၊ နောက်ပြီးတော့ သူတို့တွေရဲ့ ဖိနှိပ်ညှင်းပန်းမှုတွေကို မခံနိုင်လို့ လာပြီး ကျနော်တို့ဘက်မှာ လက်နက်ချတာတွေ၊ ဖမ်းမိတဲ့သုံ့ပန်းတွေ အများအပြားရှိပါတယ်။ ကျောက်ဖြူတစ်ခုတည်းမှမဟုတ် ပါ ဘူး။ တခြားစစ်မျက်နှာတွေမှာလည်း စစ်သုံ့ပန်းတွေက အင်မတန်ရှိပါတယ်။ အရေအတွက် အတိ အကျနဲ့ ဖမ်းဆီးရရှိတဲ့ ပုဂ္ဂိုလ်တွေတော့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်တဲ့အတွက်ကြောင့်မို့လို့ တိတိကျကျ ထုတ်ဖော်ပြောဖို့တော့မရှိပါ။” ဟု AA ပြောခွင့်ရခိုင်သုက ပြောဆိုသည်။

အာရက္ခတပ်တော် – AA အနေဖြင့် အာရက္ခတစ်ပြည်လုံးကို သိမ်းပိုက်ကာ ပြည်သူလူထုလက်ထဲသို့ ပြန်လည်အပ်နှံရန် လမ်းစဉ် ချထားပြီး ယခုအခါ ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ် ထားကြောင်း၊ သိမ်းပိုက်ရန် ကျန်ရှိနေသော စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

“ကျောက်ဖြူတိုက်ပွဲ အချိန်ကြာနေတယ်ဆိုတာက အကြောင်းအမျိုးမျိုးရှိပါတယ်။ ကျနော့်အနေနဲ့ ကတော့ ကျနော်တို့ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက်ပြီးတော့ တသွေမတိမ်း လုပ်ဆောင်နေတယ်လို့ ဖြေကြားချင်ပါတယ်။ကျနော်တို့ ULA/AA စတင်တည်ထောင်စဉ်ကပင် အဓိက ရည်မှန်းချက်က အာရက္ခပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီးတော့ အာရက္ခပြည်သူလူထု၏ လက် ထဲ ကို ပြန်ထည့်ပေးဖို့ အစီအစဉ်ဖြစ်ပါတယ်။ ကနေ့အချိန်မှာတော့ အာရက္ခပြည်၏ ၉၀ ရာခိုင်နှုန်း ကျော် ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ကိုယ်တို့ ချမှတ်ထားတဲ့လမ်းစဉ်ကို ကိုယ်တို့ချမှတ်ထားတဲ့ အရက္ခလမ်းစဉ်နဲ့ ဂိတ်ဆုံးရောက်အောင် ဆက်လက်ချီတက်သွားဖို့ဖြစ်ပါတယ်။” ဟု AA ပြောခွင့်ရ ခိုင်သုခက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက AA က သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်မှ မြို့နယ် ၁၄ ခုတွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၊ မောင်တောမြို့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၊ မောင်တောမြို့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article