28.3 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံကို အိမ်နင်းချင်း တရုတ်နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်တဲ့ တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်တယ်လို့ TNLA ဗိုလ်ချုပ် တားဘုန်းကျော်က တရားဝင် ပြောဆိုလိုက်ပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ တပ်သားသစ်အဖြစ် စုဆောင်းထားတဲ့ တောင်ကြီးမြို့နေ စစ်မှုထမ်း တပ်သားသစ် မောင်ချမ်းမြေ့အောင် ဆိုသူ ရှေ့တန်းမှာ သေသွားတာကို ၆ လကျော်မှ မိသားစုကို အသိပေးလာပြီး သေဆုံးစစ်မှုထမ်းတပ်သားသစ်တွေအတွက် မည်သည့်အကျိုးခံစားခွင့်မှ မပေးဘူးဆိုပြီးတော့ပါ စစ်တပ်က အတိအလင်း အကြောင်းကြားလာတယ်လို့ မိသားစုဝင်တချို့နဲ့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က တလုပ်မြို့ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၈ ဦးကတော့ အသီးသီး သေကုန်ကြပြီးနောက် စစ်ကောင်စီတပ်က ဘာမှမဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့ လသာမြို့နယ်က နယူးပါတီ KTV မှာ ပစ်ခတ်ခံရပြီး သေသွားတဲ့ အားမြင့် လို့ခေါ်သူ ဟော်ချွမ်းမြန်ဟာ ဒုစရိုက်လောကက ဖြစ်ပြီး သူ့ရဲ့နာရေးကို အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး ၈ ဦးက လွမ်းသူ့ပန်းခြင်းလာပို့သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article