ဒီကနေ့ ဩဂုတ် ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာအကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူ အမျိုးသမီးတွေကို မိသားစုဝင်တွေ အရှေ့မှာတောင် အဓမ္မပြုကျင့်မှုတွေကျူးလွန်နေတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးကတော့ အသီးသီး သေကုန််ကြတဲ့အပြင် နောက်ထပ် စစ်သား ၃ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားပြီး ၊ လက်နက်ခဲယမ်း တွေပါ သိမ်းဆည်းရရှိထားတယ်လို့ DNLA-ဓဝယ်တပ်တော် ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ကို သူတို့စစ်တပ်က ပြန်လည် သိမ်းပိုက်ရရှိပြီဆိုပြီး ဝါဒဖြန့်နေတဲ့ ဒီမော့ဆိုမြို့နယ်မှာပဲ တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေဆဲဖြစ်တယ်လို့ ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
