ဒီကနေ့ ဩဂုတ် ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ်က နာမည်ကျော် ဂုတ်ထိပ်တံတားကို သူတို့ကိုယ်တိုင် ဒရုန်းနဲ့ဗုံးကျဲ ဖျက်ဆီးလိုက်ပြီးနောက် TNLA နဲ့ PDF လက်ချက်ဆိုပြီး အပြစ်ပုံချပြီးတော့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန် မယ်ဆိုပြီးတော့ပါ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုနေပြန်ပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရာတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား အယောက် ၂၀ ထက်မနည်း အသီးသီးသေကုန်ကြပြန်သလို ၊ စစ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ကိုပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားပြီး စစ်ကား ၁ စီးကိုပါ မီးရှို့ရှင်းလင်းလိုက်တယ်လို့ ဒူရက PDF စစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်ကြဖို့ GSCB တောင်းဆိုလိုက်တဲ့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့အတူ NUG ၊ NUCC CRPH နဲ့ ဖက်ဒရယ်ယူနစ်တွေပေါင်းပြီး နိုင်ငံရေးတပ်ပေါင်းစု ဖွဲ့စည်းဖို့ကိုပါ တိုက်တွန်းထားပါသေးတယ်။
- အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ဖို့ ပြည်သူလူထုအား ဖိအားပေးဆောင်ရွက် လာပါက ဖမ်းဆီးအရေးယူမယ်လို့ NUG က ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
