ဒီကနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ ကုမ္ပဏီထောင်ပြီး စီးပွားရေးလုပ်တဲ့သူတွေ အားလုံးကို ဘဏ်စာရင်းတွေနှင့် အမှန်တ ကယ်နေထိုင်တဲ့ နေရပ်လိပ်စာတွေကို စစ်တပ်လက်အောက်ခံ ဝန် ကြီးဌာနတွေကို ပေးပို့ရမှာဖြစ်ပြီး မလိုက်နာခဲ့ရင် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက် ဥပဒေတွေနဲ့ စိစစ်အရေး ယူမယ်လို့ စစ်တပ်က ညွှန်ကြားတစ် ရပ်ကို တနေ့က ထုတ်ပြန်ထားပါတယ်။
- NUG အစိုးရ အနေနဲ့ ဒေသအလိုက်ထွက်ပေါ်လာတဲ့ နိုင်ငံရေး အစီအမံတွေကို အားပေးထောက် ခံပြီး ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြို့ပေါ် စစ်ဆေးရေးဂိတ်ကို ၃ ကြိမ် ဒရုန်းနဲ့ ဗုံးကျဲ တိုက် ခိုက်ခဲ့တယ်လို့ YE-U Freedom Comrades – YFC ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်
- ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧကချိုင်ဘန်းဘော ၊ 66/6 လမ်းက စက်ချုပ်ရုံမှာ လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၄ ဦးဟာ လုပ်ခလစာအပြည့်မရတဲ့ အပြင် အလုပ်ထွက်ချိန်မှာည်း အလုပ်လုပ်ခွင့် စာရွက်စာတမ်းတွေ သိမ်းဆည်းခံထားရတာကြောင့် ကျန်ရှိနေတဲ့ လုပ်ခလစာတွေနှင့် စာရွက်စာတမ်းတွေ ရရှိဖို့ လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
