ဒီကနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တရုတ်နိုင်ငံရောက်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေကို လိုက်လံ နှုတ်ဆက် ဓာတ်ပုံတွဲရိုက်ခံပြီး နိုင်ငံတကာ က သူ့ကို အသိအမှတ်ပြုတဲ့ပုံစံ ဝါဒဖြန့်နေပြန်ပါတယ်။
- ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေအတွင်း စစ်ကြောင်း ထိုးလားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်း တိုက်ခိုက်ခြေမှုန်းရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်းကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် အဲဒီ စစ်သားအလောင်းတွေဆီကနေ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားပြီး စစ်တပ်စစ်ကြောင်းလည်း ပြန်ဆုပ်ပြေးသွားကြတယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေး နယ်မြေ၊ တာဝန်ခံ စောဒိုရှင်းက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဆိုင်ကယ်ကယ်ရီဘေးတွဲသမားတွေအားလုံးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဆင့်ခေါ်ပြီးတော့ သူတို့စစ်တပ်ကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးရမယ်ဆိုပြီး ခြိမ်းခြောက် ဖိအားပေးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
