27.8 C
Yangon

မြောက်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးရှိ လုံခြုံရေးအစောင့် စစ်တပ်နှင့်ရဲကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးတွင် ရှိနေသော အကြမ်းဖက် စစ်တပ်နှင့် ရဲများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်ကွန်ယက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်တွင် မြောက်ဥက္ကလာမြို့နယ် ထွေ/အုပ်ရုံးတွင် ရောက်ရှိနေသော စစ်သားနှင့်ရဲ ၁၂ ဦးကို တော်လှန်ရေး ရဲဘော်များက စစ်ရေးပစ်မှတ်အဖြစ် လက်လုပ်မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကြောက်လန့်ကာ မီးဖြတ်ချခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဘဲ လွတ်မြောက်ရာ ဒေသသို့ ပြန်လည် ရောက်ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

” စက်တင်ဘာ ၁၀ ရက်နေ့ညက မြောက်ဥက္ကလာမြို့နယ် ထွေ/အုပ်ရုံးမှာ ရှိနေတဲ့ စစ်ခွေးနဲ့ ရဲခွေး ၁၂ ကို စစ်ရေးပစ်မှတ်အဖြစ် လက်လုပ် ၂ လုံး၊ နာနတ်သီး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ကျနော်တို့ တိုက်ခိုက်မှုမှာ စစ်ခွေး ၂ ကောင် အပြင်း အထန် ဒဏ်ရာရတယ်။ စစ်ခွေးတွေ ကြောက်အား လန့်အားနဲ့ မီးဖြတ်ချပြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ကျနော်တို့ ရဲဘော်တွေ ဘေးကင်းလုံခြုံစွာ ပြန်ဆုတ်နိုင်ခဲ့ပြီး လွတ်မြောက်ရာဒေသသို့ ရောက်ရှိပြီးဖြစ်ပါတယ်” ဟု မြို့ပြကြွက်ကွန်ယက်မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ အာဏာတည်မြဲရေး၊ ပြည်သူများကို ၎င်းတို့ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများ၏ ထောက်ခံအားပေးသူ၊ကြံရာပါများဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်သည့် ရွေးကောက်ပွဲ ကို ပူးပေါင်းပါဝင်ခြင်းမပြုကြရန်နှင့် ဆက်လက် ပူးပေါင်းပါဝင်ခြင်းများမပြုကြရန် ပြင်းပြင်းထန်ထန် ထပ်မံသတိပေးလိုကြောင်း မြို့ပြကြွက်ကွန်ယက်မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြို့ပြကြွက်နှင့် မြောက်ဥက္ကလာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးတွဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article