ဒီကနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မကွေးတိုင်း ၊ ငဖဲမြို့နယ်က နတ်ရေကန်ကုန်းဘက် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၉၅ တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက် က အယောက် ၇၀ ကျော် အသီးသီး သေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ အာရက္ခတပ်တော် AA က ဓါတ်ပုံတွေနဲ့တကွ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
- တနင်္သာရီတိုင်း၊ ပလမြို့မှာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းရာမှာ စစ်သား ၇ ဦးကတော့ အသီးသီး သေကုန်ကြပြီးနောက် ဖမ်းထားတဲ့ ပြည်သူတွေထဲက အမျိုးသမီးတချို့ကို ပြန်လွှတ်ပေးပြီး အမျိုးသားတွေကို ဆက်ဖမ််းထားတယ်လို့ ပုလောမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်က တရုတ်နိုင်ငံ အကူအညီနဲ့ သန်း ၃၀ ကျော်တဲ့ အင်တာနက်အသုံးပြုသူ မြန်မာ ပြည်သူတွေအပေါ် အချိန်ပြည့် စောင့်ကြည့်ထောက်လှမ်းနေတဲ့အပြင် Malware ဗိုင်းရပ်စ်များ အသုံးပြုပြီး ပြည်သူကို ရန်သူသဖွယ် ဟက်ကင်း ပြုလုပ်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
