26.3 C
Yangon

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အလောင်း ၄ ခုနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်သုံ့ပန်း ၇ ဦး ဖမ်းမိပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်များ ပါဝင်

Must read

🟥ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ပွဲတွင်လည်း စစ်သုံ့ပန်း ၁ ဦး၊ စစ်သားအလောင်း ၃ လောင်း၊ လက်နက် ၁၀ နှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အလောင်း ၄ ခုနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်သုံ့ပန်း ၇ ဦး ဖမ်းမိပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်များ ပါဝင်ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂ ရက်နေ့ စစ်တပ်က ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာပြီး အဆိုပါစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိပြီး အလောင်း ၄ လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းတွင် ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးပြီး ခမရ ၃၆၁၊ ခမရ ၃၆၂၊ ခမရ ၃၆၃၊ ဆသရ ၆၊ ခလရ ၈၇၊ ခလရ ၂၂၉၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား ၁၃၀ ခန့် ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများတွင် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်များ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်ထံမှ MA-1 ၃ လက်၊ MA-3 ၁ လက်၊ MA-11 ၁ လက်၊ 7.62 ကျည် ၂၇၇ တောင့်၊ 5.56 ကျည် ၈၉ တောင့်၊ RPG ဗုံးသီး ၁ လုံး၊ RPG ပို့ယမ်း ၃ ခု၊ နင်းမိုင်း ၁၂ ခု၊ မိုင်းရှင်းစက် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၉ ခုနှင့် မူးယစ်ဆေး အမျိုးအစား ၃ မျိုး သိမ်းဆည်းရမိကြောင်း ၊ စစ်တပ်က ကလေးခရိုင်အတွင်း အိန္ဒိယ နိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့များကို ယခုနှစ် ဩဂုတ်လမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့များသည် ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ဆင်ရေးတွင် ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးသည့် ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် Zoland PDF ပူးပေါင်းအဖွဲ့တို့ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်က ဩဂုတ် ၆ ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း စစ်တပ်စစ်သုံ့ပန်း ၁ ဦး၊ အလောင်း ၃ လောင်းနှင့် လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

(ဖမ်းဆီးရရှိသော အိန္ဒိယနိုင်ငံသားများနှင့်ပတ်သက်သော အချက်အလက်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article