ရွေးကောက်ပွဲမှာ ပြည်သူကို ငရဲတွင်းသို့ ပိုရန်ဖြစ်ပြီး စစ်တပ်ကို တရားဝင်လူသတ်လိုင်စင် ပေးရန်ဖြစ်ဟု သတိပေး
ရန်ကုန်၊ စက်တင်ဘာ ၁၁
KNU တပ်မဟာ ၃ အနေဖြင့် ဩဂုတ်လ ၂၆ ရက်နေ့ ကေအဲန်ယူကရင်အမျိုး သားအစည်းအရုံး၏ ဗဟိုအလုပ်အမှု ဆောင် ကော်မတီ၏ သဘောထားထုတ်ပြန်ချက်အတိုင်း ရပ်တည်ကာ ကေအဲန်ယူဗဟို၏ လမ်းညွှန်မှုအတိုင်း လိုက်နာဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ KNU-ယူကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကရင်အမျိုးသား အစည်း အရုံး၏ ရည်ရွယ်ချက်ဖြစ်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ် ပေါင်းစု ဖက်ဒရယ်ပြည် ထောင်စုကို ပြည်သူလုထုတစ်ရပ်လုံး ယုံကြည်လက်ခံသည့် တစ်နိုင်ငံလုံးကို လွှမ်းခြုံသော ရွေးကောက်ပွဲရလဒ် နှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု “နိုင်ငံသစ်” ကို ထူ ထောင်မည်ဖြစ်ကြောင်း ကြေညာသည်။
ယခု အကြမ်းဖက် စစ်အာ ဏာရှင်၊စစ်ကော်မရှင်၏ တစ်ဖက်သတ်ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး တိုင်းပြည်အတွင်း နေထိုင်သည့် ပြည်သူလူထုအား ငရဲ တွင်း သို့ ပို့ဆောင်ရန်သာဖြစ်ကြောင်း ၊ စစ်အာဏာရှင်၊ အကြမ်းဖက်စစ်ကော်မရှင် ထုတ်ပြန်သည့် တရားမဝင်အတုအယောင် တစ်ဖက်သတ် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အပေါ် ဖိနှိပ် ကျွန်ပြု၊ ဂုတ်သွေးစုတ်ပြီး အသက်ရှင်လျက် “သေလူနှင့်မခြားသည့်” ဘဝသို့ တွန်းပို့ သွား ရန်ဖြစ်သာကြောင်း အသိပေး ကြေညာသည်။
စစ်အာဏာရှင်၊ အကြမ်းဖက်စစ်ကော်မရှင်၏ တစ်ဖက်သတ်ကျင်းပမည့် အတုအယောင် ရွေး ကောက်ပွဲ၏ ရလဒ်မှာ စစ်ကော်မရှင်အကြီးအကဲ အပေါင်းအပါ မိသားစုဝင်များ စစ်ကော်မရှင်၏ လောင်းရိပ်အောက် အဆိပ် သင့်သည့် နိုင်ငံရေးပါတီများ၏အကျိုးစီးပွား ရရှိရေးပင်ဖြစ်ကြောင်း၊စစ်ကော်မရှင်ကျင်းပမည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲသို့ ဝင်ရောက်ပံ့ပိုး အားပေးကူညီ သူများ သည် စစ်ကော်မရှင်အား “တရားဝင်လူသတ်လိုင်စင်” ပေးသူများဖြစ်ကြောင်း KNU တပ် မဟာ ၃ က သတိပေးသည်။
ညောင်လေးပင်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ နိုင်ငံ ရေးပါတီ များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တစ်သီးပုဂ္ဂလပါတီ လူပုဂ္ဂိုလ်များအား စစ်ကော်မရှင် ကျင်းပမည့် တစ်ဖက် သတ်တရားမဝင်ရွေးကောက်ပွဲသို့ ဝင်ရောက်ပါဝင်ခြင်း မပြုရန် သတိပေးကြောင်း၊ စစ်အာဏာရှင်၊အကြမ်းဖက်စစ်ကော်မရှင်၏ တစ်ဖက် သတ်ကျင်းပမည့် တရားမဝင် အတုအယောင် ရွေး ကောက်ပွဲ အတွင်းသို့ဝင်ရောက်စိမ့်ဝင် အားပေးအားမြောက်ပြုလုပ်သူများအား ကေအဲန်ယူ ကရင်အမျိုးသား အ စည်း အရုံး ညောင်လေးပင်ခရိုင်မှ စောင့်ကြပ်ကြည့်ရှုမည် ဖြစ်ပြီးလိုအပ်ပါက ကျူးလွန်သူများအား ကော်သူးလေ တရားဥပဒေနှင့်အညီ အရေးယူသွားမည်ကြောင်း KNU တပ်မဟာ ၃ က သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
