26.5 C
Yangon

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှ ဆုတ်ပြေးလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်က ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှ ဆုတ်ပြေးလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်-ထား၀ယ် လမ်းပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်း အတိုင်း စစ်ကြောင်း ပြန်ဆုတ်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်ယာဉ်တန်းသည် ရွှေဂူတောင် စစ်ဆေးရေးဂိတ်မှ သရက်ချောင်းမြို့ဘက်ကို ဦးတည် ထွက်ခွာလာခြင်းဖြစ်ပြီး ညောင်ဇင်ရွာနှင့်ရန်တောင်ရွာ အကြား တောက်ထိန် တောင်လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစစ်ယာဉ်တန်းတွင် အန်စာတုံးကား ၄ စီး၊ မြေတင်ကား ၁ စီး ၊ Vigo ကား ၁ စီးပါ၀င်ပြီး အရှေ့ဆုံးကားတွင် ပြည်သူများကို လူသားဒိုင်းပြုလုပ်ကာ ခေါ်ဆောင်လာခြင်းကြောင့် နောက်ဆုံးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁၂ ဦးလိုက်ပါလာသော Vigo ကား ၁ စီးကို ထိမှန်ခဲ့သောကြောင့် စစ်သား ၄ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က သင်းကျွန်းရွာနှင့် ရန်တောင်ကျေးရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ရန်တောင်ကျေးရွာမှ နေအိမ် ၃၀ ကျော် နှင့် သင်းကျွန်းရွာမှ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူ ၂၀ ကျောက်ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“စစ်ခွေးယာဉ်တန်းမှာက ပြည်သူတွေကိုပါ လူသားဒိုင်းအဖြစ် ဖမ်းဆီးတင်ဆောင်လာတော့ ပြည်သူတွေမပါတဲ့ နောက်ဆုံးကားကို ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၄ ကောင်သေပြီး ၃ ကောင်ဒဏ်ရာရတယ်။ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ အနီးအနားမှာရှိတဲ့ ရန်တောင်ရွာနဲ့ သင်းကျွန်းရွာကို စစ်ခွေးတွေက ဝင်ရောက် စီးနင်းပြီးတော့ နေအိမ် ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူ ၂၀ ဦးလောက်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းသွားတယ်လို့သိရတယ်” ဟု ထား၀ယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင် တပ်ပေါင်းစုနှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article