26.5 C
Yangon

မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိရေး အဆုံးအဖြတ်ပေးနိုင်သော ကုလသမဂ္ဂ Credentials Committee ကို အဖွဲ့ဝင် ၉ နိုင်ငံဖြင့် ဖွဲ့စည်း၊ ၈၀ ကြိမ်မြောက် ကုလအထွေထွေညီလာခံ စတင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိရေး အဆုံးအဖြတ်ပေးနိုင်သော ကုလသမဂ္ဂ Credentials Committee ကို အဖွဲ့ဝင် ၉ နိုင်ငံဖြင့် ဖွဲ့စည်းလိုက်ကြောင်း နယူးယောက်အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ Credentials Committeeတွင် အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ် ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှားဖယ်ဒရေးရှင်း၊ ဆီနီဂေါ၊ ထရီနီဒက်၊ တိုဘာဂို နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့ စတင်ခဲ့သော ၈၀ ကြိမ်မြောက် ကုလသမဂဂအထွေထွေညီလာခံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ စတင်ခဲ့သော ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် ဆက်လက် တည်ရှိရေး၊ မတည်ရှိရေးကို ကုလသမဂ္ဂ Credentials Committeeက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့က ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်း မှ ဒီဇင်ဘာလ ကုန် အထိ ပြုလုပ်သည့် Main Part of the Session တွင် အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးများ နှင့် ပင်မ ကော်မတီ ၆ ခု၏ အစည်းအဝေးများ သို့ တက်ရောက်ခဲ့ပြီး၊ မိန့်ခွန်းပေါင်း ၆၀ ခန့် ပြောကြားခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဆန်း မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပြုလုပ်သည့် Second Part of the Session ကာလ အတွင်းတွင် ကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးများ၌လည်း မိန့်ခွန်း ပြောကြားမှု များ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလ အတွင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးများ၊ ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေးကောင်စီ၏ အစည်းအဝေး များ၊ ဖွံ့ဖြိုးတိုးတက်မှု ရေးရာ၊ ကလေးသူငယ်ရေးရာနှင့် အမျိုးသမီးရေးရာကိစ္စရပ်များ နှင့် သက်ဆိုင်သည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၏ အစည်းအဝေးများတွင်လည်း ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပြီး အဆိုပါ မိန့်ခွန်းများတွင် ဘာသာရပ်များ နှင့်‌ ဆက်စပ်၍ မြန်မာနိုင်ငံ လက်ရှိ အခြေအနေများ၊ အကြမ်းဖက် စစ်အုပ်စု မှ မြန်မာပြည်သူများ အပေါ် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရက်စက် လူမဆန့်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်နေမှုများ၊ မြန်မာပြည်သူများ မှ စစ်အာ ဏာရှင်စနစ် ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆောင်ရွက်မှုများ ကို တင်ပြခဲ့ကြောင်း သိရှိရသည်။

လတ်တလော ပြည်တွင်းပြည်ပတွင် ပြည်သူလူထုက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီး အဖြစ် ဆက်လက် ထားရှိရေး တောင်းဆိုပွဲများ၊ သပိတ်ပွဲများနှင့် ချီတက်ထောက်ခံပွဲများ၊ လက်မှတ်စုဆောင်းလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article