ရန်ကုန်၊ စက်တင်ဘာ ၁၂
လူမှုကွန်ရက်တွင် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ အဖြစ် မြူးမြူးကြွကြွဖြစ်စေရန် တီးခတ် ကခုန်နေသော ဗီဒီယိုဖိုင်များ ပြန့်နှံ့လာပြီးနောက် မဘသ အစွန်းရောက်များဖြစ်သည့် ပေါက်ကိုယ်တော်၊ အမျိုးသားရေးအစွန်းရောက် မျိုးချစ်ရဟန်းတော်များ သမဂ္ဂမှ အရှင်သုစိတ္တတို့က ဗုဒ္ဓဘာသာကို စော်ကားသော လုပ်ရပ်အဖြစ် အရေးယူရန် လှုံ့ဆော်ခဲ့ကြကြောင်း၊ ယင်းနောက် စစ်တပ်က DJ Violet ခေါ် မခင်ထွေးထွေးမွန်ကို ဖမ်းဆီးလိုက်ကြောင်း၊ မန္တလေးမှ COVER နိုက်ကလပ်ကိုလည်း ချိတ်ပိတ်လိုက်ကြောင်း သိရှိရသည်။
“ခေါ်သွားတာတော့ ဟုတ်တယ်။ မိသားစုဘက် တောင်းပန်ပြီး ကျေအေးခွင့်ရအောင် ထပ်လိုက်နေကြတယ်။ အဆင်ပြေရင်တော့ ခံဝန် လက်မှတ်ထိုးပြီး ပြန်ထွက်လာနိုင်မယ်ထင်တယ်။ အဆင်မပြေရင်တော့ အမှုတပ်မယ်ထင်တယ်။ ဖမ်းတယ်လို့တော့ ပြောလို့မရသေးဘူးထင်ပါတယ်။ စောင့်ကြည့်ရဦးမယ်” ဟု DJ Violet နှင့်ရင်းနှီးသော အနုပညာအသိုင်းအ၀ိုင်းမှ မိတ်ဆွေတစ်ဦးက ရှင်းပြသည်။
DJ Violet ခေါ် မခင်ထွေးထွေးမွန်ကမူ ဘုရားသီချင်းကို DJ ဖွင့်၍ ကခုန်မိသည့်အတွက် တောင်းပန်ကြောင်း လူမှုကွန်ရက်တွင် စာတင်ခဲ့သည့်အပြင် သင်္ဃန်းကျွန်းမြို့ သံဃာနာယကအဖွဲ့ထံတွင်လည်း သွားရောက်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် အမျိုးသားရေးအစွန်းရောက် မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ အရှင်သုစိတ္တက “ဗုဒ္ဓနဲ့ပတ်သက်တဲ့ သီချင်းဖွင့်ပြီး ကလပ်မှာ DJ ပွတ်ကပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်နှလုံးကို ညှိုးနွမ်းအောင် လုပ်ခဲ့တဲ့ နေမျိုးအောင် ချွေးမ ထွေးမွန်နှင့် အပေါင်းအပါများကို ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်”ဟု ထုတ်ပြန်ကြေညာသည်။
အလားတူ မဘသ အစွန်းရောက် ပေါက်ကိုယ်တော်ကလည်း DJ Violet ကို အရေးယူရေးလုပ်ဆောင်ရမည်ဟု ကြုံးဝါးခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


