ရန်ကုန်၊ စက်တင်ဘာ ၁၂
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ကင်းလှည့်ရန် ထွက်လာသော စစ်သားများ မိုင်းနင်းမိပြီး စစ်သား ၂ ဦး ခြေပြတ်ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူ ကျားဇိုးပြောက်ကျားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ကင်းလှည့်ရန် ထွက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသော မိုင်းများ နင်းမိခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက် စစ်သား ၂ ဦး ခြေပြတ်ကာ ဒဏ်ရာ ပြင်းထန်ပြီး ကျန်ရှိနေသော စစ်သားများလည်း ထိခိုက်ဒဏ်ရာရရှိကာ စစ်ကြောင်းမှာ ကပစ ၂၂ အတွင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“ကျနော်တို့က ကပစ ၂၂ ဝင်းထဲမှာပဲ နင်းမိုင်းတွေထောင်ထားတာပေါ့။ မနေ့က နံနက်ပိုင်းကတော့ စစ်ခွေးတွေက ကင်းလှည့်ဖို့ အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့ အချိန်မှာ ကပစ ဝင်းအပြင်ကိုတောင် မရောက်လိုက်ဘူး။ ကျနော်တို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး စစ်ခွေး ၂ ကောင် ခြေပြတ်သွားတယ်။ ဒဏ်ရာအခြေအနေ ပြင်းထန်တယ်လို့သိရတယ်။ စစ်ခွေးသေတာတော့ မရှိပါဘူး။ တခြား ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်” ဟု ဆိပ်ဖြူ ကျားဇိုးပြောက်ကျားက ပြောဆိုသည်။
အဆိုပါ နင်းမိုင်း စစ်ဆင်ရေးကို ပေါက်မြို့နယ် ဇုန် ၄ ပကဖ နှင့် ဆိပ်ဖြူ ကျားဇိုးပြောက်ကျားက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းက ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရေဦးမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့ အနောက်ဘက်ခြမ်းရှိ သံသည်ကျေးရွာဘက်ကို အင်အား ၄၀ ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာချိန် တော်လှန်တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
