ဒီကနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်က သူတို့လက်အောက်ခံ ပျူစောထီး၊ ပြည်သူ့စစ်၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေအတွက် လစာနှင့်ထောက်ပံ့ကြေးမပေးနိုင်တော့တဲ့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်တွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေတဲ့နည်းလမ်းနဲ့သာ ရန်ပုံငွေရှာပြီး ရပ်တည်ခိုင်းနေ တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့မှာ အဝေးပြးကားဝင်းကနေ တက္ကစီ ငှားစီးခဲ့တဲ့ လူငယ် ၁ ဦးဟာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်နဲ့နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ ပညာပန်းခင်း ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူတွေ အပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးထားပြီး ဒဏ်ရာရရှိသူတွေလည်း များထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
