ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ-လိပ်သို လမ်းပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ တောင်ငူမြို့မှ အင်အား ၂၀၀ ခန့်ဖြင့် တောင်ငူ-လိပ်သိုလမ်းပိုင်းသို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဥသျှစ်ပင်ကျေးရွာအနီးအရောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံးခဲ့ပြီး အ များအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို တောင်ငူမြို့သို့ ကားဖြင့် သယ် ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၁၄ ရက် နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်တွင်လည်း သံတောင်ကြီးမြို့ နယ်၊ မုခ်ဦးကျေးရွာအနီးသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ထပ်မံ၍ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အ တွင်း သေဆုံးသွားသော စစ်သားများကို ကားဖြင့် တောင်ငူမြို့သို့ သယ်ဆောင်သွားပြီး ဒဏ်ရာရ စစ်သား ၄ ဦးကို ပုခက်များဖြင့်ထမ်းကာ ခြေလျင်စစ်ကြောင်းနှင့်အတူ နောက်ပြန်ဆုတ်သွား ကြောင်း သိရသည်။
“ဥသျှစ်ပင်ရွာကတောင်ငူမြို့နယ်ပါ၊ မုခ်ဦးကျေးရွာကတော့ သံတောင်မြို့နယ်ထဲကပါ။ တောင်ငူ-လိပ် သိုလ်လမ်းမပေါ်ပါပဲ။ စခတွေက တောင်ငူမြို့ကနေတက်လာတာ၊ ကျနော်တို့ဘက်က ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်။ အထိအခိုက်မရှိပါဘူး။ စခတွေက အင်အားအများအပြားနဲ့နေ့တိုင်း စစ် ကြောင်းထိုးနေတာမို့ လက်နက်ခဲယမ်းလိုအပ်ချက်ရှိပါတယ်။ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တောင်ငူ -လိပ်သိုလမ်းပိုင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က တပ်သားအင်အား များစွာဖြင့်စစ်ကြောင်းထိုးနေသောကြောင့် လမ်းသွား လမ်း လာများ မိဘပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – ယခင်လများအတွင်း သံတောင်ကြီးမြို့နယ်တွင် တော်လှန်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တိမ်းမှောက်နေသော အကြမ်းဖက် စစ်ကား ၁ စီး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
