စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၉ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Black Vote Fighter Local PDFနှင့် မဲမှောင်ပြည်သူကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးပျူစောထီးရွာမှ မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် တရော်ကျင်ရွာ၌ တပ်စွဲထားသော စစ်ကြောင်းသည် မုံရွာ-ယာကြီး လမ်းပိုင်းကို ထပ်မံထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း အလုံး ၂၀ ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ၄၅ မိနစ်ခန့် ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများက တရော်ကျင်ရွာသို့ ပြန်လည်ဝင်ရောက်သွားပြီး ထိခိုက်သေဆုံးခဲ့သော စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“သရောကျင်ရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက မုံရွာယာကြီးလမ်းအတိုင်းကို အင်အား ၂၀၀ လောက်နဲ့ ထွက်လာလို့ ကျနော်တို့က သရောကျင်ရွာနဲ့ညောင်ငုတ်တိုရွာ အကြားအရောက်မှာ မိုင်းဆွဲတိုက်ခဲ့တယ်။ မိုင်းအလုံး အရေအတွက် ၂၀ နီးပါးနဲ့ မိုင်းဆွဲပြီး တိုက်ခိုက်တာပါ။ မိုင်းဆွဲပြီးတော့ ကျနော်တို့ အပြန်အလှန် ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲက ၄၅ မိနစ်လောက်ဖြစ်ပွားခဲ့တယ်။ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပေမယ့် ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ စစ်ခွေးတွေဘက်က အနည်းဆုံး ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်။ စစ်ခွေး စစ်ကြောင်း တစ်ခုလုံးကတော့ တရော်ကျင်ရွာကို ပြန်လည်ဝင်ရောက်သွားတယ်” ဟု မဲမှောင်ပြည်သူကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Black Vote Fighterအဖွဲ့ ၊ မဲမှောင်ပြည်သူကာကွယ်ရေးအဖွဲ့ ၊ ဝင်္ကပါပြောက်ကျားတပ်ဖွဲ့ နှင့် အမေ့သားပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း သေနတ် ၁ လက် ပျက်စီးခဲ့၍ တော်လှန်ပြည်သူများ ဝိုင်းဝန်း ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
