30.6 C
Yangon

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာအနီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို စစ်လေယာဉ်က မှားယွင်းဗုံးကျဲမှုစစ်သား ၂၀ ဦး ထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာအနီးရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Y-12 လေယာဉ်က မှားယွင်းဗုံးကျဲ လိုက်မှုကြောင့် စစ်သား ၂၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာ အကျော်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သားများကို အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်က မှားယွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မှားယွင်း ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်သား ၂၀ ဦး ထက်မနည်း သေဆုံးကာ ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကျောက်မဲမြို့နယ် နောင်ပိန်ရွာနားမှာက တိုက်ပွဲတွေက နေ့စဉ်ကို ဖြစ်နေတာ စစ်ခွေးတွေကလည်း နေ့တိုင်း နီးပါးကို ဗုံးပတ်ကျဲနေတာ။ မနေ့ကတော့ နောင်ပိန်ရွာနားက စစ်ခွေးတွေ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို မှားယွင်းဗုံးကျဲမိသွားတယ်လို့တော့ သိရတယ်။ စစ်ခွေး ၂၀ ဦးထက်မနည်း သေဆုံးတယ်။ ဒဏ်ရာရတာတွေလည်း အရမ်းများတယ်။ စစ်ခွေးတွေက နေရာအစုံကိုကျဲနေတာဆိုတော့ သူ့လူရှိမှန်းတောင်သိမယ် မထင်ဘူးကျဲချသွားတာ” ဟု ကျောက်မဲတော်လှန်ရေး သတင်းရင်းမြစ် ပြောဆိုသည်။

ကျောက်မဲမြို့တွင် TNLA နှင့်တွဲဖက်၍ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်ကလည်း စစ်တပ်က မှားယွင်းဗုံးကျဲမှု မှန်ကန်ပြီး စစ်တပ်ဖရဲသီးထံမှ မှားယွင်းဗုံးကျဲမှုကြောင့် သေဆုံးသွားသော စစ်သားများ၏ ဓာတ်ပုံများရရှိထားကြောင်း ပြောဆိုသည်။

“သတင်းကမှန်ပါတယ်၊ အတည်ပြုလို့ရတယ်။ ပုံကလည်း ဖရဲသီးဆီကနေ ရထားတာ။ သေဆုံးတာ၊ ထိခိုက်တာတွေရောပေါ့၊ လက်ရှိအထိလည်း စခတွေက ဘုန်းကြီးကျောင်းမှာရှိနေပါသေးတယ်။” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကျောက်မဲမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ်ကလည်း စက် တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားကို လေကြောင်း၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

(အသေးစိတ်ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article