ရန်ကုန်၊ စက်တင်ဘာ ၁၇
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူ မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် ၂ စီးဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် ၂ စီးဖြင့် လက်ရှိချိန်ထိ ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်၏ လေယာဉ် ၂ စီးက ဗုံးကျဲ တိုက်ခိုက်နေဆဲဖြစ်ပြီး ဗုံး ၄၀ ကျော်ကျဲချထားကြောင်း၊ ပြည်သူများသည်လည်း ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ မင်းအောင်လှိုင် က ထားဝယ်မြို့ကို မနက်ဖြန် လာမယ်ဆိုတော့ နယ်မြေရှင်းလင်းတဲ့ ပုံစံနဲ့ Y-12 ၂ စီးနဲ့ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူ မြို့နယ်ထဲက ရွာတွေကို ဗုံးပတ်ကျဲနေတာ ပြည်သူတွေလည်း ဘေးလွတ်ရာကို ရွာလုံးကျွတ် ပြေးနေရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ အခုထိ ကျဲနေတုန်းပဲ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း ထားဝယ်မြို့ပေါ်ကို မင်းအောင်လှိုင်လာရောက်မည်ဖြစ်၍ မြို့ပေါ်နေရာ အနှံ့တွင်လည်း အကြမ်းဖက် စစ်သား အများအပြား လုံခြုံရေး အပြည့်ချထားပြီး မြို့အဝင်အထွက်များကိုလည်း စစ်ဆေးမှုများ တင်းကျပ်ထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
