31.2 C
Yangon

ဗန်းမောက်မြို့ကို ကာရန်ထားသော စစ်တပ်ကင်းစခန်း တချို့ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ အနီးရှိ အကြမ်းဖက် စစ်တပ် ကာကင်းစခန်း တချို့ကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်ပြီး ဗန်းမောက်မြို့ ပတ်ဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ် ကာကင်း စခန်းများကို PDF ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကာ လက်ရှိချိန်တွင် မြို့ပတ်ဝန်းကျင်ရှိ ကာကင်းစခန်း တချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲများသည် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ထိ ဗန်းမောက်မြို့ အနီးတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေတုန်းပါပဲ။ မြို့ပတ်လည်က စစ်ခွေး ကာကင်းစခန်းလောက် တော့ သိမ်းပိုက်ထားနိုင်တယ်။ တိုက်ပွဲက ဖြစ်နေတုန်းဆိုတော့ တချို့အရာတွေ အတည်မပြုနိုင်သေးဘူး” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဗန်းမောက်-ဟုမ္မလင်း လမ်းပိုင်းကိုလည်း အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ထားပြီး ပြည်သူများကို စစ်ဘေးတိမ်းရှောင်ခွင့်မပေးဘဲ လူသားဒိုင်း ပြုလုပ်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း အင်းတော်မြို့နယ်မှ ဗန်းမောက်မြို့နယ်သို့ ဆက်သွယ်ထားသော အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် လမ်းပိုင်းအားလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article