30.2 C
Yangon

စစ်ကိုင်းတွင် စစ်တပ်၏ ရွေးကောက်ပွဲကို လူထုနည်းဖြင့် ဆန့်ကျင်ရေး နှင့် ကြားကာလ အစိုးရ အမြန်ဆုံးပေါ်ထွန်းရေး လုပ်ဆောင်နေ

Must read

ရန်ကုန်၊ စက်တင်ဘာလ ၁၇

အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို လူထုနည်းဖြင့် ဆန့်ကျင်ရေး ဗျူဟာချမှတ်ကာ လုပ်ဆောင်နေ သလို ၂၀၂၀ ရွေးကောက်ခံလွှတ်တော်မှတဆင့် ကြားကာလ စစ်ကိုင်း အစိုးရ အမြန်ဆုံးပေါ်ထွန်းရေး လုပ် ဆောင်လျက်ရှိကြောင်း စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သပိတ်အင်အားစုများအနေဖြင့် လူထု နည်း လမ်းနှင့် ဆန့်ကျင်တုန့်ပြန်နိုင်ရန် ဗျူဟာများချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ သပိတ်အင်အားစု ညီအစ်ကိုမောင်နှမတွေအနေနဲ့ကလည်း လူထုနည်းလမ်းနဲ့ ဆန့်ကျင့် တုန့်ပြန်တဲ့ ဗျူဟာတွေချမှတ်ပြီးတော့ အားကောင်းမောင်းသန်ပေါ့၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေကြတာရှိပါတယ်။” စစ်ကိုင်းဖိုရမ် စစ်ကိုင်း ပြည် သူဖေးမကူကွန်ရက် လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

လက်ရှိတွင် စစ်တပ်၏ ရွေးကောက်ပွဲကို မဟာဗျူဟာ ကျကျ တုန့်ပြန်နိုင်ရေးအတွက် စစ်ကိုင်းအပါအဝင် မန္တလေး မကွေးတိုင်းတို့ တို့ တွင် ၂၀၂၀ ရွေးကောက်ပွဲမှ တက်လာသည့် ရွေးကောက်ခံလွှတ်တော်မှ တဆင့်ဖွဲ့စည်းပေးသည့် ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ကြားကာလအစိုးရအဖွဲ့ အမြန်ဆုံးပေါ်ပေါက်ရန် ဆောင်ရွက်လျက်ရှိကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်ထားသည်။

“ဒီထက်ပိုပြီးတော့ အရေးပါတာကတော့ မဟာ ဗျူဟာ ကျကျတုန့်ပြန်တဲ့ကိစ္စ၊ ဥပမာ Regional အလိုက်ပေါ့၊ စစ်ကိုင်းတို့၊ မန္တလေးတို့၊ မကွေးတို့မှာ သက်ဆိုင်ရာ ကြားကာလ အခြေခံ ဥပဒေတို့၊ ကြားကာလအစီအမံတို့ အတည်ပြုတဲ့နေရာတွေရှိ တယ်၊ အတည်ပြုဖို့ကြိုးစားနေတဲ့ နေရာတွေ ရှိတယ်။ အဲဒီကနေ တိုင်းဒေသ ကြားကာလ ဖက်ဒရယ် ယူနစ် အစိုးရတွေပေါ်ထွန်းလာမယ်၊ ဒါက ၂၀၂၀ အနိုင်ရ လွှတ်တော်ကနေ သက်ဆိုင်ရာလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ရွေးကောက်တင် မြှောက်တဲ့ ရွေးကောက်ခံအစိုးရဗျ။ ဒီလိုအစိုးရတွေ ပေါ်ထွန်း လာနိုင်ခြေရှိပါတယ်။ ဒါတွေက ရွေးကောက်ပွဲမတိုင်ခင်မှာကို ပေါ်ထွန်းလာနိုင်ခြေရှိတယ်။ ဒီလိုပေါ် ထွန်းလာခြင်းဟာ ပြည်သူလူထု လက်ခံထားတဲ့ ပြည်သူလူထုတခဲနက်ထောက်ခံထားတဲ့ ၂၀၂၀ မန်းဒိတ်အရဆောင်ရွက်တာ ဖြစ် တယ်။ ဒါကမှ ဒီမိုကရေစီနည်းကျတယ်၊ ဒါကမှ တရားဝင် တင် မြှောက်ထားတဲ့ တရားဝင်အဖွဲ့ အစည်း ဖြစ်တယ်၊အကြမ်းဖက်စစ်တပ်သည် မတရား အာဏာ သိမ်းပြီးတော့ အတုအယောင် ရွေး ကောက်ပွဲကျင်းပတာဟာ ပြည်သူမထောက်ခံတဲ့ ဒီမိုကရေစီ နည်းမကျတဲ့ လက်နက်အားကိုးနဲ့ အနိုင် ကျင့်တာဖြစ်တယ်ဆိုတာကို နိုင်ငံတကာကို ပြသရာ ရောက်မယ်။ ပြီးတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း မဟာဗျူဟာ ကျကျ တုန့်ပြန်ပြီးသားဖြစ်မယ်ပေါ့၊ ဒါ့ကြောင့် ကြားကာလ အစီအမံတွေကို ၂၀၂၀ မန်းဒိတ်ရလွှတ်တော်ကနေ ကြားကာလ အခြခံ အစီအမံ တွေကို အတည်ပြု တယ်၊ အဲဒီကနေ အဲဒီဖြစ်စဉ်အရ ကြားကာလ အုပ်ချုပ်ရေး ကောင်စီတွေ၊ ကြားကာလ အစိုးရတွေ မြန်မြန်ပေါ်ထွန်းနိုင်ဖို့ ကြိုးစားနေကြတာရှိပါတယ်၊ ဒါသည်ပင်လျှင်စစ်ကောင်စီရွေးကောက်ပွဲကို မဟာဗျူဟာ ကျကျအကောင်းဆုံးတုန့်ပြန်မှု ဖြစ်ပါလိမ့်မယ်။” ဟု စစ်ကိုင်းဖိုရမ် စစ်ကိုင်း ပြည် သူဖေးမကူကွန်ရက် လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ပြောဆိုသည်။

စစ်ကိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကျေးလက်ဒေသနှင့်မြို့ပြဒေသဟူ၍ နှစ်ပိုင်းကွဲနေပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကျေးလက်ဒေသများတွင် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ဘဲ မြို့ပေါ်တွင်သာ ရွေးကောက်ပွဲကျင်းပ၍ စစ်တပ်က ဖိအားပေးခြိမ်းခြောက်မှုများကြောင့် မလွှဲမရှောင်သာ ပြည်သူများ မဲပေးရန် ဖိအားပေးခြိမ်းခြောက်ခံရနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကျေးလက်နဲ့ မြို့ပြဆိုပြီးတော့ ၂ ပိုင်းတော့ရှိသွားမှာပေါ့၊ ကျေးလက်ဒေသတွေကတော့ ဘယ်မြို့ နယ် မှာ ဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေက စိုးမိုးတဲ့အတွက်ကြောင့် မဲမပေးဘဲနေလို့ ရနိုင်တယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ ဖိအားအောက်ကနေ လွတ်နိုင်တယ်။ ဒီလိုပြည် သူတွေကတော့ မဲပေးမှာ မဟုတ် ဘူးဆိုတာ ယုံကြည်တယ်။ မြို့ပေါ်က အကြမ်းဖက်စစ်တပ်အောက်မှာနေရတဲ့၊ သူတို့ရဲ့ သေ နတ် ပြောင်းဝအောက်တည့်တည့် နေရတဲ့ ပြည်သူတွေအတွက်ကတော့ အရမ်းကြီး ဖိအားရှိလို့ သွား ပေးရတယ်ဆိုရင်လည်း မဲရုံနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို မှတ်သားပြီးတော့ တော်လှန်ရေး အင်အားစုတွေကို ပေးပို့တာကို လုပ်သင့်တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတတဲ့ရွေး ကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူးလေ၊ အဲဒါကြောင့် ကိုကအခြေအနေတစ်ခုကြောင့် မဲသွားပေး ရ တယ်ဆိုရင်လည်း ဘယ်နှစ်ရာခိုင်နှုန်းပဲ မဲလာထည့်တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှ တတဲ့ရွေးကောက်ပွဲ မဖြစ်ပါဘူးဆိုတဲ့ သက်သေတွေကို စုဆောင်းပြီး တော်လှန်ရေးအင် အားစု တွေ ကို ပေးပို့သင့်တယ်လို့ မြို့နေပြည်သူလူထုကို တိုက်တွန်းလိုပါတယ်။” ဟု စစ်ကိုင်းဖိုရမ် စစ်ကိုင်း ပြည် သူဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ရှုပ်ထွေးမှုများစွာရှိနေပြီး အမျိုးသားလွတ်တော် က တစ်မျိုး၊ တိုင်း/ပြည်နယ်လွှတ်တော်ကတစ်မျိုးနှင့် ပြည်သူ့လွှတ်တော်က တစ်မျိုးဖြစ်နေပြီး PR စနစ်၊ FTPT စနစ်များက ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေကြောင်း သိရှိရသည်.

“ရှုပ်ထွေးမှုတွေကိုက အများကြီးရှိတယ်၊ မဲဆန္ဒနယ်ကိုက အမျိုးသားလွှတ်တော်က တစ်မျိုး၊ တိုင်း/ ပြည်နယ်လွှတ်တော်က တစ်မျိုး၊ ပြည်သူ့လွှတ်တော်က တစ်မျိုး၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ ပြည်နယ်လွှတ်တော်တွေမှာဆိုရင် PR စနစ်ကတစ်မျိုး၊ FTPT မဲဆန္ဒနယ်ကတစ်မျိုး၊ ဆိုတော့ သာမန် ပေါ့၊ နိုင်ငံရေးဖြစ်စဉ်တွေကို တစိုက်မတ်မတ်လေ့လာနေတဲ့သူမဟုတ်ဘူးဆိုရင် ကိုက မဲပေးချင်တဲ့ ကိုယ်စားလှယ်ရှိတယ်ဆိုရင်တောင်မှ အဲဒီကိုယ်စားလှယ်က ဘယ်မဲပုံးလဲ၊ ဘယ်မဲ ဆန္ဒနယ်လည်းဆို တာ သိဖို့တော်တော် ခက်ပါလိမ့်မယ်၊ အဲလိုမျိုးရှုတ်ထွေးပွေလီတဲ့ နည်း စနစ်တွေကို လုပ်ထားတာရှိ တယ်။ နောက်တစ်ခုက အီလက်ထရောနစ်မဲပေးစနစ်ပေါ့၊ ဒါကလည်း မဲမသမာမှု ဖြစ်နိုင်ခြေ အများ ဆုံး စနစ်ကိုကျင့်သုံးနေတာဖြစ်တယ်၊ ပြည်သူတွေ အနေနဲ့က ကိုယ်သိမြင်ကြုံတွေ့ခဲ့ ရတဲ့ အချက် အလက်တွေကို မီဒီယာကတင်ပြတာမျိုး၊ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို တန်ပြန် တိုက် ဖျက် လို့ရပါတယ်။” ဟု စစ်ကိုင်းဖိုရမ် စစ်ကိုင်း ပြည် သူဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ရှင်းပြသည်။

စစ်ကိုင်းတိုင်းအတွင်း၌ ထီးချိုင့်မြို့နယ်၊ အင်းတော်မြို့နယ်၊ ပင် လည် ဘူးမြို့နယ်၊ မြောင်မြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင် မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့ နယ်၊ ခင်ဦးမြို့နယ်နှင့် ဝက်လက် မြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက် ခံရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

အလားတူ မန္တလေးတိုင်းအတွင်း၌ နွားထိုးကြီးမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် လည်းကောင်း၊ မကွေးတိုင်းအတွင်း၌လည်း ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ပေါက်မြို့နယ်၊ မြိုင် မြို့နယ်နှင့် ရေစကြိုမြို့နယ်တို့၌လည်းကောင်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာ ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article